Loop Track
Loop Track (2024) IMDb Rating (5.8) / Rotten Tomatoes (100%) အီယန်းက စိတ်ထိခိုက်မှုတွေ၊ ပြိုလဲမှုတွေ ဒဏ်ရာတွေနဲ့ လူသူနဲ့ဝေးရာတောအုပ်တစ်ခုဆီကိုထွက်လာခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်က ကမ္ဘာကြီးနဲ့ဝေးရာကိုရှောင်ဖယ်ချင်တဲ့သဘောဖြစ်ပေမယ့် တောအုပ်ထဲအရောက်မှာ သူ့ကိုအတင်းလိုက်မိတ်ဖွဲ့ရင်း ခွာမရဖြစ်သွားတဲ့ နစ်ကီ၊ နောက်ပြီးတော့ တောအုပ်ထဲက တစ်ထောက်နားရာတဲတစ်ခုမှာ ဆုံတဲ့ ညားကာစ လင်မယား အော်စတင်နဲ့ဒင်နီယယ်တို့ကိုပါ တွေ့ဆုံရင်းနှီးမိသွားရင်း အတူခရီးသွားဖို့ဖြစ်လာခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက်လုံး အီယန်းခံစားမိလာတာက တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုက သူတို့နောက်ကွယ်ကနေ ထပ်ချပ်လိုက်လာပြီး စောင့်ကြည့်နေတယ်ဆိုတဲ့ခံစားချက်ပါပဲ။ တစ်ခါတစ်လေဆိုရင် မည်းမည်းအရိပ်သဏ္ဍာန်တစ်ခုကိုပါတွေ့ရပါသေးတယ်။ သူ့ခရီးသွားဖော်တွေကိုပြောပြပေမယ့် သူတို့က မမြင်မကြားရတဲ့အတွက် အယုံအကြည်မရှိကြတဲ့နောက်မှာတော့ အီယန်းတစ်ယောက် သူ့စိတ်အခြေအနေကိုပြန်ဆန်းစစ်ဖို့ဖြစ်လာပါတော့တယ်။ Loop Track ဟာနယူးဇီလန်နိုင်ငံထုတ် Thriller/Comedy ဇာတ်ကားတစ်ကားဖြစ်ပြီး ၂၀၂၃ ရဲ့ underrated horror တစ်ခုလို့ဆိုနိုင်ပါတယ်။ သူ့ရဲ့စိတ်ကူးဆန်းသစ်မှုနဲ့ storytelling ပုံစံတွေကတကယ်ချီးကျူးစရာကောင်းပြီးထူးခြားကွဲပြားတဲ့ခံစားချက်အသစ်မျိုးရစေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
🎬 ভিডিও দেখুন
https://wiretournament.com/ck9egkwg6?key=b65e5fd6c9bf1f59cb9d3c90b6a16db5